သာသနာတော်နှစ် ၂၅၆၉-ခု၊ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ်ဝါဆိုလပြည့်ကျော်(၈)ရက်နေ့ခရစ်နှစ်- ၂၀၂၅-ခုနှစ် (၇)လပိုင်း၊ (၁၇)ရက်၊ ကြာသပတေးနေ့မကွေးတိုင်းဒေသကြီး၊အောင်လံမြို့၊စက်ရုံရပ်ကွက်၊တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ (17.7.2025) မှ (7.8.2025) အထိ ကျင်းပပြုလုပ်နေသော ဝါတွင်းနာရီရှည် ရက်(၂၀) " အနိမိတ္တသမာဓိကျင့်စဉ် "တရားစခန်း ဖွင့်ပွဲမှတ်တမ်း
တရားစခန်းဝင်ဦးရေ (၂၈၇)ဦး
ရဟန်း (၅၈)ပါး
သီလရှင် (၁၁၆)ပါး
အမျိုးသားယောဂီ (၃၃)ဦး
အမျိုးသမီးယောဂီ (၈၀)ဦး


106

🇲🇾 Malaysia (Johor Bahru) တွင် ကျင်းပမည့်

💐ယောဂီသစ် များအတွက် အခြေခံ အာနာပါန ကျင့်စဥ် တနေ့တာ နေ့တရားစခန်း (27. Jul. 2025)

🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့် မဟာနာယက ဆရာတော် 🙏အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) မှ ဦးစီး၍

တိုက်ခွဲ အမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဥ်ကျင်းပမည့်

🍀Level 1 A (30 min) ကျင့်ဆဲ #ယောဂီသစ် များနှင့် ယခုမှစကျင့်မည့် #ယောဂီသစ် များ အတွက် အခြေခံ အာနာပါန ကျင့်စဉ်

🍀ယောဂီသစ် တရက်တာ အဓိဋ္ဌာန် နေ့တရားစခန်းဖြစ်ပါသည်။

📆 နေ့ရက် - 27 July 2025

⏰ အချိန် - 8:00 AM ~ 7:00 PM (Johor Bahru)

🏡 နေရာ - #မလေးရှားတရားထိုင်ခန်းမနေရာအား လူဦးရေပေါ်မူတည်၍ နေရာစီစဉ်ပြီး ထပ်မံကြေငြာပေးပါမည်။

(#လူဦးရေကန့်သတ်ထားပါသည်)

သို့ပါ၍ တရားကျင့်ကြံ အားထုတ် လိုသော ယောဂီသစ်များ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

🇸🇬 Singapore
☎️+65 9736 4353 (WhatsApp)
☎️+65 8341 9194

🇲🇾 Malaysia
☎️+60 12345 8301

photos

92

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ၊ အောင်လံရိပ်သာကြီးတွင် (၁၇.၇.၂၀၂၅)ရက်မှ (၇.၈.၂၀၂၅)ရက်အထိ နာရီရှည်(ယောဂီသစ်)များအတွက် ရက်(၂၀) တရားစခန်းကျင်းပပါမည်။
(၂၀၂၀)ခုနှစ် Covid မတိုင်မီ တိုက်ခွဲ(၃၂)သဲအင်းဂူ ရန်ကုန်ဌာနချုပ် နှင့် အောင်လံဌာနချုပ်တို့တွင် နာရီရှည်တရားစခန်းဝင်ရန်အတွက် ယောဂီစာရင်းပေးသွင်းထားပြီးသူများအနေဖြင့် ယခု(၂၀၂၅)ခုနှစ် ၊ (၇)လပိုင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်သော တရားစခန်းကို ဝင်ရောက်နိုင်ခြင်းရှိ/မရှိအား အောက်ဖော်ပြပါ နေ့ရက် ၊ အချိန်အတွင်း တယ်လီဖုန်းဖြင့်ဆက်သွယ်၍ confirm ပြုလုပ်ပေးကြပါရန် လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
၁။ အောင်လံရိပ်သာတွင် စာရင်းပေးထားသောယောဂီများအတွက် (၂၀.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၈:၀၀)နာရီတိတိ မှ နံနက် (၁၀:၀၀)နာရီတိတိ။နေ့လယ် (၁:၀၀)နာရီတိတိ မှ ညနေ (၆:၀၀)နာရီတိတိ။
၂။ ရန်ကုန်ရိပ်သာတွင် စာရင်းပေးထားသောယောဂီများအတွက် (၂၁.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၈:၀၀)နာရီတိတိ မှ နံနက် (၁၀:၀၀)နာရီတိတိနေ့လယ် (၁:၀၀)နာရီတိတိ မှ ညနေ (၆:၀၀)နာရီတိတိ အချိန်အတွင်း ဖုန်းနံပါတ် 09886666592 နှင့် 09886666594 များသို့ ဆက်သွယ်အကြောင်းကြားရပါမည်။
နာရီရှည်စခန်းဝင်မည့်ယောဂီများသည် -
(က) နာရီရှည်ထိုင်နိုင်သော ကျန်းမာရေးနှင့်ပြည့်စုံရပါမည်။
(ခ) ဝါဆိုရဟန်းသံဃာတော်များ ခွင့်မပြုပါ။
(ဂ) နာရီရှည်ဝင်ပြီးသော ယောဂီဟောင်းများ လက်မခံပါ။
(ဃ) ဩဝါဒခံရိပ်သာများဖြစ်သည့်
   (၁)တောင်ကြီး - ဓမ္မအောင်လံရိပ်သာ
   (၂)ကျောက်ပန်းတောင်း - နွဲ့ရိုးတောရရိပ်သာ
   (၃)မြိုင် - နံ့သာမြိုင်ရိပ်သာ
   (၄)ပဲခူးကျောက်တန်း - ဓမ္မရတနာရိပ်သာတို့တွင် ဝင်ရောက်အားထုတ်ထားပြီး ယောဂီမှတ်ပုံတင်စာအုပ်ရရှိထားပြီးသော ယောဂီများအား နာရီရှည်တရားစခန်း ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက ဆရာတော်ဥူးဣန္ဒာစရိယ 09450050128 သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

photos

299

Buffalo, NY ၌ ကျင်းပမည့် ယောဂီသစ် onsite လေ့ကျင့်ရေးစခန်း (June 15, 2025) 32 BUF လေ့ကျင့်ရေးစခန်း အတွက် စာရင်းလက်ခံနေပါပြီ။ အောင်လံဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှူဖြင့် အာနာပါန လေ့ကျင့်ရေးကို 15 mins မှ စ၍ လေ့ကျင့်သင်ကြားပေးမည့် တရက်တာ ယောဂီသစ် လေ့ကျင့်ရေးစခန်း 111 Clay Street, Buffalo, NY 14207 ၌ Onsite အစားကျွေးတရားပေး ယောဂီသစ် လေ့ကျင့်ရေးစခန်းတရားစခန်းကျင်းပရန် အစီအစဉ်ရှိသည်။
9:00 AM - 5:00 PM Seat Limit ဖြစ်ပါ၍ တနေကုန်ထိုင်နိုင်သူသာ ဦးစားပေးမည်။
စာရင်းပေးရန်:
မသူသူ (202) 841 4107
Facebook @theinnthu
လူဦးရေ ကန့်သတ်ထားသည်။

photos

212

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (2.6.2025) မှ (8.6.2025) အထိ
ကျင်းပပြုလုပ်နေသော အာနာပါန အခြေခံ Level-1A လူသစ်တန်း (၅)ရက်အဓိဋ္ဌာန် တရားစခန်းဖွင့်ပွဲမှတ်တမ်း 

တရားစခန်းဝင်ဦးရေ (၂၆၁)ဦး
ရဟန်း (၈)ပါး
အမျိုးသားယောဂီ (၉၃)ဦး
သီလရှင် (၂)ပါး
အမျိုးသမီးယောဂီ (၁၅၈)ဦး


153

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (20.5.2025) မှ (28.5.2025) အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် မွမ်းမံ (၇)ရက်အဓိဋ္ဌာန် တရားစခန်းသိမ်းအောင်ပွဲမှတ်တမ်း

တရားစခန်းဝင်ဦးရေ (၃၉၄)ဦး
ရဟန်း (၆)ပါး
အမျိုးသားယောဂီ (၈၆)
ဦးသီလရှင် (၃)ပါး
အမျိုးသမီးယောဂီ (၂၉၉)ဦး
မဟာပလ္လင် (၅)နာရီ (၄)ကြိမ်ချိတ်ဦးရေ (၁)ဦး
မဟာပလ္လင် (၅)နာရီ (၃)ကြိမ်ချိတ်ဦးရေ (၂၂၄)ဦး
မဟာပလ္လင် (၅)နာရီ (၂)ကြိမ်ချိတ်ဦးရေ (၁၅၂)ဦး
မဟာပလ္လင် (၅)နာရီ (၁)ကြိမ်ချိတ်ဦးရေ (၁၀)ဦး
အရိုးစု ကမ္မဋ္ဌာန်းမြင်ဦးရေ - (၃၄၂)ဦး
၃၂ ကောဋ္ဌာသမြင်ဦးရေ - (၄၁)ဦး
အသုဘကမ္မဋ္ဌာန်းမြင်ဦးရေ - (၅)ဦး
စုစုပေါင်း လက္ခဏာမြင်ဦးရေ (၃၈၈)ဦး


190

Malaysia ယောဂီသစ် (၃)ရက် အဓိဋ္ဌာန် အချိန်ပြည့်တရားစခန်း (10 May to 12 May)
စခန်းသိမ်းအောင်ပွဲ မှတ်တမ်း နှင့် အလှူရှင်များ စာရင်း

တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) မှ ကြီးမှူးကျင်းပသော ယောဂီသစ် (၃) ရက်အဓိဌာန် စခန်း 10 May မှ 12 May ထိ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

🌿ဤတရားစခန်းပွဲ၌ မြတ်စွာဘုရားဘုရားအမှူထား၍ နည်းမှန် လမ်းမှန် ညွှန်ကြားပြသပေးတော်မူသော မေတ္တာ၊ ကရုဏာကြီးမားလှစွာသော
🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး


ရန်ကုန်ဌာနချုပ်မှ ကြွရောက် ကြီးမှူး စောင့်ရှောက်ပေးပါသော
🙏မဟာနာယက ဆရာတော် အရှင်ဣန္ဒာစရိယ နှင့် သာသနာပြုပုဂ္ဂိုလ်များ
တိုက် ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာတွင် သီတင်းသုံးလျက်ရှိကြသော
🙏 မဟာနာယက ဆရာတော်များ၊ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေး အပေါင်းတို့အား
တပည့်တော်တို့ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြုအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါသည် အရှင်ဘုရား 🙇‍♂️🙇‍♂️🙇‍♂️။

အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ရေသန့်၊ တရားခန်းမ နှင့် နဝကမ္မအလှူရှင် တို့နှင့်တကွ တရားထောက်များနှင့် ဝေယျာဝစ္စကုသိုလ်ရှင်အပေါင်းတို့အား ကျေးဇူးတင် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုအပ်ပါသည်။

နောက်နောင်တွင်လဲ Malaysia Singapore ဌာနချုပ်၏ သာသနာပြုလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ကုသိုလ်ယူကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါသည်။

အလှူရှင် မိသားစုအပေါင်းတို့သည် ဆင်းရဲနှင့်ငရဲကင်း၍ ပစ္စုပ္ပန်ချမ်းသာ၊ သံသရာချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်ကြောင်း အထောက်အပံ့ကောင်းသည် စင်စစ်မသွေ ဖြစ်ပါစေ။
ဤဆွမ်းပွဲနှင့်ဆက်စပ်သမျှ အလှူရှင်များ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။
လုပ်အားဒါန အလှူရှင်များ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။ အလှူရှင်များ...


123

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့်

မဟာနာယက ဆရာတော် များဖြစ်ကြသော

အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် အရှင်ဣန္ဒာစရိယ

တို့မှ ဦးစီး၍တိုက်ခွဲ အမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ

စီစဉ်ကျင်းပ​နေသည့် ယောဂီသစ် (၃) ရက်တာ အချိန်ပြည့် အဓိဋ္ဌာန် တရားစခန်း - မ​လေးရှား

🙏 ပထမ​နေ့ မှတ်တမ်း ဓါတ်ပုံများ 🙏
နေ့ရက် - 10 May 2025


150

မဟာနာယက ဆရာတော် အရှင်ဣန္ဒာစရိယမှ May 10~12 (၃) ရက် တရားစခန်းဝင်ကြမည့်် #ယောဂီသစ်များအား အထိုင်နှင့် အာနာပါနအရှုနည်းစနစ်တို့ကို ကိုယ်​တော်တိုင်သင်ကြားပြသ​ပေး၍ Malaysia Singapore ဌာနချုပ်မှ နာယကများ၊ တရား​ထောက်များ နှင့် သာသနာပြုအဖွဲ့ဝင်တို့အားလည်း ဩဝါဒ​ပေးချီးမြှင့်ခဲ့ပါသည်။May 10~12 (၃) ရက်တာ ယောဂီသစ်တရားစခန်းအတွက် အကြို​လေ့ကျင့်​ရေး နေ့ရက် - 08 May 2025 (Thursday)အချိန် - 7:00 PM to 10:00 PM နေရာ- MSH ဓမ္မာရုံ (High Street Centre) တ​နေ့တာ ဓမ္မာရုံ အခန်း အလှူရှင် - Dr. စိန်လွင် + Dr. ဆုစန္ဒာမင်း မိသားစုအဟာရဒါန အလှူရှင် - ဦးတင့်လွင် + ဒေါ်​ဌေး​ဌေးစူး၊ သမီး သီရိရတနာလွင် မိသားစု တရားထောက်နှင့်ဝေယျာဝစ္စကုသိုလ်အား MSH တရားထောက်အဖွဲ့နှင့်သာသနာပြုအဖွဲ့ဝင်များမှစုပေါင်းကုသိုလ်ပြုခဲ့ကြပါသည်။အလှူရှင် မိသားစုအပေါင်းတို့သည်ဆင်းရဲနှင့်ငရဲကင်း၍ ပစ္စုပ္ပန်ချမ်းသာ၊သံသရာချမ်းသာ၊နိဗ္ဗာန်ချမ်းသာတိုင်အောင် အကျိုးပေးနိုင်ကြောင်း အထောက်အပံ့ကောင်းသည် စင်စစ်မသွေ ဖြစ်ပါစေဤဆွမ်းပွဲနှင့်ဆက်စပ်သမျှ အလှူရှင်များကျန်းမာကြပါစေ၊ချမ်းသာကြပါစေလုပ်အားဒါန အလှူရှင်များ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေအလှူရှင်များ ရေလိုအေး၍ပန်းလိုလန်းပါစေတရားထူးတရားမြတ်များရရှိကြပါစေ


163

🙏🌷🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏လမ်းညွှန်မှူဖြင့် Malaysia တွင်ကျင်းပပြုလုပ်မည့် May 10~12 ယောဂီသစ် (၃) ရက်တာ #အချိန်ပြည့် အဓိဋ္ဌာန် တရားစခန်းအား ကိုယ်​တော်တိုင် ကြွ​ရောက်ကြီးမှူး​ ချီးမြှင့်ပေးပါ​သော ဆရာ​တော်ဘုရား နှင့် ဥပသကာများအား တပည့်​တော်တို့ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ်မှ အထူး​ပင်​ကျေးဇူးတင်ရှိပါသည် အရှင်ဘုရား 🙏🌷🙏

📆 07. May. 2025

✈️ Changi Airport 

⏰ ညနေ ၅ နာရီ ဝန်းကျင် 

#သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ  

Malaysia Singapore ဌာနချုပ် (MSH) 

သာသနာပြု အဖွဲ့


171