
လူနာအားပေး တရားဆေး ၅
တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာများနှင့် သာသနာ့ပျိုးဥယျာဥ်ကျောင်းတိုက်ကြီး၏ မူလပဓါန နာယက အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး အသျှင်စန္ဒိမာ ဟောကြားတော်မူသော " လူနာအားပေး တရားဆေး ၅"

ဆေးကုသဆောင် ရေစက်ချ လှူဒါန်းခြင်း မှတ်တမ်း
သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ် တပေါင်းလပြည့်ကျော် (၃)ရက်၊ ခရစ်နှစ်- (၁၆.၃.၂၀၂၅) တနင်္ဂနွေနေ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၇)လမ်းမကြီးဘေး သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီးအတွင်း၌ ဆေးကုသဆောင်ကို အလှူရှင် မိသားစုများဖြစ်ကြသော မိဘဘိုးဘွားများနှင့် ခင်ပွန်း ဦးဝင်း(ခ)လီငီဝင်းအား ရည်စူး၍ ဒေါ်ကျင်လှိုင်နှင့်သားများ မိသားစုတို့မှ မြတ်နိဗ္ဗာန်၏ အားကြီးသော အထောက်အပံ့ ဖြစ်စေခြင်းငှာ စေတနာ(၃)တန် ပြဌာန်းပြီး ရေစက်ချ လှူဒါန်းခြင်း မှတ်တမ်း

ရန်ကုန် (၁၀)ရက်အဓိဋ္ဌာန် အချောသပ် တရားစခန်း ဖွင့်ပွဲမှတ်တမ်း (5.3.2025) မှ (16.3.2025)
သာသနာတော်နှစ် ၂၅၆၈-ခု၊ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ်တပေါင်းလဆန်း (၇)ရက်၊ခရစ်နှစ်- (၅.၃.၂၀၂၅) အင်္ဂါနေ့ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (5.3.2025) မှ (16.3.2025) အထိ ကျင်းပပြုလုပ်နေသော (၁၀)ရက်အဓိဋ္ဌာန် အချောသပ် တရားစခန်း ဖွင့်ပွဲမှတ်တမ်း တရားစခန်းဝင်ဦးရေ (၂၇၉)ဦးရဟန်း (၄)ပါးအမျိုးသားယောဂီ (၁၀၉)ဦးသီလရှင် (၉)ပါးအမျိုးသမီးယောဂီ (၁၅၇)ဦး