
မြတ်ဗုဒ္ဓ အမှန်တရားတော်
မြတ်ဗုဒ္ဓ အမှန်တရားတော်

စင်္ကာပူနိုင်ငံ၌ အလှူရှင်များမှ ဆက်ကပ်လှူဒါန်းကြသော နဝကမ္မအလှူတော်ငွေ သိန်း(၂၀၀၀)ကျပ်အား သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် သို့လှူဒါန်း
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများနှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံ ဆရာတော်ဘုရားကြီးသည်စင်္ကာပူနိုင်ငံ၌ အလှူရှင်များမှ ဆက်ကပ်လှူဒါန်းကြသော နဝကမ္မအလှူတော်ငွေ သိန်း(၂၀၀၀)ကျပ်အား သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်အတွင်း ဆောက်လုပ်နေသော (နဂါးရုံကန်ဘုရား)အတွက် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် ဦးစီးကော်မတီထံသို့ လှူဒါန်းခဲ့ပါသည်။

ရန်ကုန် အချောသပ် တရားစခန်းများဖွင့်မည်
(5.3.2025) မှ (16.3.2025 ) အထိ ရန်ကုန် အချောသပ် တရားစခန်းကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အောက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။
ယောဂီဦးရေ (၃၀၀)သာ လက်ခံပါမည်။
(20.5.2025) မှ (31.5.2025) အထိ ရန်ကုန် အချောသပ် တရားစခန်း ကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အောက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။ ယောဂီဦးရေ (၃၀၀)သာ လက်ခံပါမည်။
(15.2.2025) စနေနေ့ နံနက်(၈)နာရီအချိန်မှစ၍ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
ရဟန်းနှင့်အမျိုးသားယောဂီ ဆက်သွယ်ရန်ဖုန်း
09-886666594 09-443219367
သီလရှင်နှင့်အမျိုးသမီးယောဂီ ဆက်သွယ်ရန်ဖုန်း
09-886666591 09-886666592 09-886666593