cover
logo ရန်ကုန် ဌာနချုပ်

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ၊ အောင်လံရိပ်သာကြီးတွင် (၁၇.၇.၂၀၂၅)ရက်မှ (၇.၈.၂၀၂၅)ရက်အထိ နာရီရှည်(ယောဂီသစ်)များအတွက် ရက်(၂၀) တရားစခန်းကျင်းပပါမည်။
(၂၀၂၀)ခုနှစ် Covid မတိုင်မီ တိုက်ခွဲ(၃၂)သဲအင်းဂူ ရန်ကုန်ဌာနချုပ် နှင့် အောင်လံဌာနချုပ်တို့တွင် နာရီရှည်တရားစခန်းဝင်ရန်အတွက် ယောဂီစာရင်းပေးသွင်းထားပြီးသူများအနေဖြင့် ယခု(၂၀၂၅)ခုနှစ် ၊ (၇)လပိုင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်သော တရားစခန်းကို ဝင်ရောက်နိုင်ခြင်းရှိ/မရှိအား အောက်ဖော်ပြပါ နေ့ရက် ၊ အချိန်အတွင်း တယ်လီဖုန်းဖြင့်ဆက်သွယ်၍ confirm ပြုလုပ်ပေးကြပါရန် လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
၁။ အောင်လံရိပ်သာတွင် စာရင်းပေးထားသောယောဂီများအတွက် (၂၀.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၈:၀၀)နာရီတိတိ မှ နံနက် (၁၀:၀၀)နာရီတိတိ။နေ့လယ် (၁:၀၀)နာရီတိတိ မှ ညနေ (၆:၀၀)နာရီတိတိ။
၂။ ရန်ကုန်ရိပ်သာတွင် စာရင်းပေးထားသောယောဂီများအတွက် (၂၁.၆.၂၀၂၅) ရက်နေ့ ၊ နံနက် (၈:၀၀)နာရီတိတိ မှ နံနက် (၁၀:၀၀)နာရီတိတိနေ့လယ် (၁:၀၀)နာရီတိတိ မှ ညနေ (၆:၀၀)နာရီတိတိ အချိန်အတွင်း ဖုန်းနံပါတ် 09886666592 နှင့် 09886666594 များသို့ ဆက်သွယ်အကြောင်းကြားရပါမည်။
နာရီရှည်စခန်းဝင်မည့်ယောဂီများသည် -
(က) နာရီရှည်ထိုင်နိုင်သော ကျန်းမာရေးနှင့်ပြည့်စုံရပါမည်။
(ခ) ဝါဆိုရဟန်းသံဃာတော်များ ခွင့်မပြုပါ။
(ဂ) နာရီရှည်ဝင်ပြီးသော ယောဂီဟောင်းများ လက်မခံပါ။
(ဃ) ဩဝါဒခံရိပ်သာများဖြစ်သည့်
   (၁)တောင်ကြီး - ဓမ္မအောင်လံရိပ်သာ
   (၂)ကျောက်ပန်းတောင်း - နွဲ့ရိုးတောရရိပ်သာ
   (၃)မြိုင် - နံ့သာမြိုင်ရိပ်သာ
   (၄)ပဲခူးကျောက်တန်း - ဓမ္မရတနာရိပ်သာတို့တွင် ဝင်ရောက်အားထုတ်ထားပြီး ယောဂီမှတ်ပုံတင်စာအုပ်ရရှိထားပြီးသော ယောဂီများအား နာရီရှည်တရားစခန်း ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက ဆရာတော်ဥူးဣန္ဒာစရိယ 09450050128 သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။


142

မေ့ဆေးဆရာဝန်မကြီး ဒေါ်ခင်ပြုံးရီ၏ ဓမ္မရသ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (20.5.2025) မှ (28.5.2025) အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် မွမ်းမံ (၇)ရက်အဓိဋ္ဌာန် တရားစခန်းမှတ်တမ်း