
တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာဓမ္မ ရိပ်သာ ( U.S.A ) ကျောင်းသစ် တည်ဆောက်ရန်အတွက် ခန့်မှန်းခြေ ဒေါ်လာ တစ်သန်းခွဲ ကျသင့်မည့် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ဌာနချုပ် USA အသစ်ကို ဝယ်ယူတည်ဆောက်နိုင်ရန်အတွက် အလှုရှင်များ နည်းများမဆို လှုဒါန်းနိုင်ပါသည်။
USA
Contacts: Ko Kyaw Kyaw Lwin @ (559) 795 - 8975
Thuthu @ (202) 841 - 4107
Singapore
Contact:Thet Thet Nwe @ 82681271
Myanmar
Contact:Name- Htar Yu Mon K pay -09961309535
KBZ bank-00550102701860701
AYA bank-10003886951
MAB bank-0610161061003473030

🙏🙏🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး မွေးနေ့ပူဇာ အဖြစ်
တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ်မှ ဥပဌာကများ၊တရားထောက်များ၊ ယောဂီများနှင့် မိသားစုများမှ ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းစဉ်များတွင် လိုအပ်သလိုအသုံးပြုနိုင်ရန်အတွက် နဝကမ္မအလှူတော်ငွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
🌹အလှူရှင် မိသားစုအပေါင်းတို့သည်🌹
ဆင်းရဲနှင့်ငရဲကင်း၍
ပစ္စုပ္ပန်ချမ်းသာ၊သံသရာချမ်းသာ
နိဗ္ဗာန်ချမ်းသာတိုင်အောင်
အကျိုးပေးနိုင်ကြောင်း အထောက်အပံ့ကောင်းသည်
စင်စစ်မသွေ ဖြစ်ပါစေ🙏🙏🙏

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင်အောင်လံဆရာတော် ဘုရားကြီး၏(၇၃)နှစ်ပြည့် ဝိဇာတ မွေးနေ့ မင်္ဂလာမှတ်တမ်း(16.5.2025) သောကြာနေ့တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ကျိုက်ဒေးကစီကျောင်း ပဲခူးတိုင်းဒေသကြီး၊သနပ်ပင်မြို့နယ်

သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ် တပေါင်းလပြည့်ကျော် (၆)ရက် ခရစ်နှစ် (19.3.2025) ဗုဒ္ဓဟူးနေ့ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သော အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး ပန္နက်ရိုက် မင်္ဂလာအခမ်းအနားမှတ်တမ်း၊ ဓမ္မာရုံအလှူရှင်မှာ တော်ဝင်စိန်တိုက် မိသားစု ကောင်းမှု(မန္တလေးမြို့) ဖြစ်ပါသည်။

သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ် တပေါင်းလပြည့်ကျော် (၃)ရက်၊ ခရစ်နှစ်- (၁၆.၃.၂၀၂၅) တနင်္ဂနွေနေ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၇)လမ်းမကြီးဘေး သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီးအတွင်း၌ ဆေးကုသဆောင်ကို အလှူရှင် မိသားစုများဖြစ်ကြသော မိဘဘိုးဘွားများနှင့် ခင်ပွန်း ဦးဝင်း(ခ)လီငီဝင်းအား ရည်စူး၍ ဒေါ်ကျင်လှိုင်နှင့်သားများ မိသားစုတို့မှ မြတ်နိဗ္ဗာန်၏ အားကြီးသော အထောက်အပံ့ ဖြစ်စေခြင်းငှာ စေတနာ(၃)တန် ပြဌာန်းပြီး ရေစက်ချ လှူဒါန်းခြင်း မှတ်တမ်း

နဝကမ္မအလှူတော်ငွေ (၅၀၀)သိန်းကျပ်ကို အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအားဦးတေတူးမိသားစု ဒေါပုံမြို့နယ်မှ မြတ်နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေခြင်းငှာ သဒ္ဓါရွှင်လန်း ဆက်ကပ်လှူဒါန်းပါသည်။

တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာများနှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံ ဆရာတော်ဘုရားကြီးသည်စင်္ကာပူနိုင်ငံ၌ အလှူရှင်များမှ ဆက်ကပ်လှူဒါန်းကြသော နဝကမ္မအလှူတော်ငွေ သိန်း(၂၀၀၀)ကျပ်အား သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်အတွင်း ဆောက်လုပ်နေသော (နဂါးရုံကန်ဘုရား)အတွက် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် ဦးစီးကော်မတီထံသို့ လှူဒါန်းခဲ့ပါသည်။

တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ ဌာနချုပ် မလေးရှားနိုင်ငံ (ဂျိုဟိုး)တွင် စင်္ကာပူ သာသနာပြုအဖွဲ့မှ စီစဉ်ကျင်းပ ဖွင့်လှစ်ပေးသည့် 23-Jan 2025 - 03-Feb 2025 CNY 2025 ယောဂီသစ် (၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်းပွဲသို့ တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာကြီးများနှင့် သာသနာ့ပျိုးဥယျာဉ် ကျောင်းတိုက်ကြီး၏ ဦးစီးမူလ ပဓာန နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ စင်္ကာပူ သာသနာပြုခရီးစဉ် ကြွရောက်

🙏 နဝကမ္မအလှူတော်ငွေ (၁၀၀၀)သိန်းကျပ်နှင့် သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက် အလှူတော်ငွေ(၅၀)သိန်းကျပ်ကို ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့ပန်းဘဲတန်းရပ်မှ “ဝင်းရတနာရွှေဆိုင် ” မိသားစု ရဟန်းဒါယကာ ဦးလှဝင်း + ရဟန်းဒါယိကာမ သုဓမ္မသိင်္ဂီ ဒေါ်ခင်စန်းလွင် သား-ကိုသန့်ဇင်ဦး + မခိုင်သဇင်စိုး၊ကိုသန့်ဇင်ဝင်း + မအိဖြိုးလွင်၊ သမီး-မလှဝတ်ရည်ဦး၊ မြေး-မယုယခင်၊ မောင်ထွန်းခင်၊ မအိန္ဒြေခင်၊မောင်ခင်ထွန်းမိသားစုတို့မှ မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းပါသည်။

သာသနာ့ပျိုးဥယျာဉ်ကျောင်းတိုက်သို့ ထိုင်းနိုင်ငံမှအလှူရှင်များ လာရောက်လေ့လာခြင်း