Malaysia မှ ယောဂီသစ်များအတွက် အခြေခံ အာနာပါန ကျင့်စဉ် (၂) ရက်တာ အချိန်ပြည့် တရားစခန်း
🍀 (21.03.2026) မှ (22.03.2026) အထိ
🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ ဥပနိဿယဖြင့် မဟာနာယက ဆရာတော် 🙏 အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် 🙏 အရှင်ဣန္ဒာစရိယ ဆရာတော်များ၏ လမ်းညွှန်မှုအတိုင်း
တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြုအဖွဲ့ မှ စီစဉ်ကျင်းပမည့်
🍀 Level 1 A (5 min / 10 min / 30 min)
#ယောဂီသစ်များအတွက် အခြေခံ အာနာပါန ကျင့်စဉ်
🍀 ယောဂီသစ်များအတွက် (၂) ရက်တာ အဓိဋ္ဌာန် အချိန်ပြည့် တရားစခန်း ဖြစ်ပါသည်။
📆 နေ့ရက် - 21.03.2026 to 22.03.2026
⏰ အချိန် - ညအိပ်တရားစခန်းဖြစ်ပါသည်။
21.03.2026 - 7:00 AM တရားစခန်းအဝင်
22.03.2026 - 6:00 PM တရားစခန်းအထွက်
🏡 နေရာ - မလေးရှား-စင်္ကာပူ ဌာနချုပ်ရိပ်သာ
(လူဦးရေ ကန့်သတ်ထားပါသည်)
သို့ပါ၍ တရားကျင့်ကြံ အားထုတ်လိုသော ယောဂီသစ်များအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
🇸🇬 Singapore
☎️ 9736 4353 (🟢 WhatsApp Only)
☎️ +65 8907 0752
🇲🇾 Malaysia
☎️ +60 12345 8301
၁၀ ရက်စခန်းဝင်ပြီးသော ယောဂီဟောင်းများအတွက် ပထမအကြိမ်မြောက် ကျင်းပသော (၂) ရက်တာ အချိန်ပြည့် တရားစခန်း
🍀 (21.03.2026) မှ (22.03.2026) အထိ
🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ ဥပနိဿယဖြင့် မဟာနာယက ဆရာတော် 🙏 အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် 🙏 အရှင်ဣန္ဒာစရိယ ဆရာတော်များ၏ လမ်းညွှန်မှုအတိုင်း
တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြုအဖွဲ့ မှ စီစဉ်ကျင်းပမည့် 🍀 ပထမအကြိမ်မြောက် ကျင်းပသော (၂) ရက်တာ ညအိပ်တရားစခန်း ဖြစ်ပါသည်။
📆 နေ့ရက် - 21.03.2026 to 22.03.2026
⏰ အချိန် - ညအိပ်တရားစခန်းဖြစ်ပါသည်။
21.03.2026 - 7:00 AM တရားစခန်းအဝင်
22.03.2026 - 6:00 PM တရားစခန်းအထွက်
🏡 နေရာ - မလေးရှား-စင်္ကာပူ ဌာနချုပ်ရိပ်သာ
(လူဦးရေ ကန့်သတ်ထားပါသည်)
သို့ပါ၍ တရားကျင့်ကြံ အားထုတ်လိုသော ယောဂီဟောင်းများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
🇸🇬 Singapore
☎️ 9736 4353 (🟢 WhatsApp Only)
☎️ +65 8907 0752
🇲🇾 Malaysia
☎️ +60 12345 8301
🌅Malaysia (Johor Bahru) ဌာနချုပ် ရိပ်သာတွင် ကျင်းပမည့် အခြေခံ အာနာပါန ကျင့်စဥ် Level-2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် စနစ်သစ် (၁၀) ရက်တာ အချိန်ပြည့် တရားစခန်း
(13 Feb to 24 Feb 2026)
🙏 ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှုဖြင့် တိုက်ခွဲအမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဉ်ကျင်းပမည် ဖြစ်ပါသည်။
🍀 Level 2 (စာအုပ်ရရှိပြီး) ယောဂီများသာ
📆 နေ့ရက် - 13 Feb 2026 to 24 Feb 2026
🏡 နေရာ - တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ မလေးရှား၊ စင်္ကာပူ ဌာနချုပ်ရိပ်သာ
#️⃣ ညအိပ်စခန်း — 13 Feb ည စခန်းအဝင်၊ 24 Feb မနက်အထွက် ဖြစ်ပါသည်။
#️⃣ စခန်းဝင် ယောဂီများ ၈ ပါးသီလ ဆောက်တည်ရပါမည်။
#️⃣ စခန်းဝင်ကြေး ကောက်ခံခြင်းမပြုပါ။
#️⃣ တင်ပလ္လင်ခွေ ထိုင်၍ တရားကျင့်နိုင်မည့် ကျန်းမာရေး ပြည့်စုံရမည်။
#️⃣ ဆရာသမား ညွှန်ကြားချက်ကို အပြည့်အဝ လေးစားလိုက်နာရမည်။
#️⃣ အဓိဋ္ဌာန် ရက်အပြည့် ဝင်ရောက်နိုင်ရမည်။
#️⃣ လူဦးရေ ကန့်သတ်ထားပါသည်။
သို့ပါ၍ တရားစခန်းဝင်လိုသော ယောဂီများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
📞 ဆက်သွယ်ရန်
🇸🇬 Singapore
☎️ +65 9736 4353 (WhatsApp)
☎️ +65 8907 0752
🇲🇾 Malaysia
☎️ +60 12345 8301
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၂၀၀ပေ၊ အနံ ၉၀ပေ၊ ရှိသော ဆွမ်းစားဆောင် ဆောက်လုပ်နေမှု မှတ်တမ်း 🌸🌸🌸
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး တည်ဆောက်နေမှု မှတ်တမ်း 🌸🌸🌸
သာသနာတော်နှစ် ၂၅၆၉-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် နတ်တော်လဆန်း (၁၃)ရက်၊ခရစ်နှစ်- (2.12.2025) အင်္ဂါနေ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ အခြေခံ အာနာပါန level -2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် (2.12.2025) မှ (13.12.2025) အထိ ကျင်းပပြုလုပ်နေသော (၁၀)ရက်အဓိဋ္ဌာန် တရားစခန်းဖွင့်ပွဲမှတ်တမ်း
သာသနာတော်နှစ် ၂၅၆၉ ခု၊ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊တန်ဆောင်မုန်းလဆန်း (၅)ရက်နေ့(25.10.2025) စနေနေ့ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ကုန်းတလဘောင်စံပြကျေးရွာ၊ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သောစုပေါင်းမဟာဘုံကထိန် အလှူတော်အခမ်းအနားမှတ်တမ်းပုံများ
Photo@မောင်ထော်(၃၂)
တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲ ကိုကျင်းပမည် ဖြစ်ပါသဖြင့် ယောဂီဟောင်းများနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့အား အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေရက် (25.10.2025)စနေနေ့အချိန် နံနက် (8:30) နေရာ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၊ ကုန်းတလဘောင် စံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
အလှူရှင် မိသားစုများမှ သင်္ကန်းအလှူ ဆေးပဒေသာပင်အလှူတော်ငွေ နဝကမ္မအလှူတော်ငွေနှင့်သာသနာ့ပျိုးဥယျာဉ်အလှူတော်ငွေတို့ကို သဒ္ဓါကြည်ဖြူစွာဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
သာသနာတော်နှစ် ၂၅၆၉-ခု၊
ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ်
သီတင်းကျွတ်လပြည့်ကျော် (၁၀)ရက်
ခရစ်နှစ် (16.10.2025) ကြာသပတေးနေ့
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌
ကျင်းပပြုလုပ်ခဲ့သော
အလျား ၂၀၀ပေ၊ အနံ ၉၀ပေ၊ ရှိသော ဆွမ်းစားကျောင်းဆောင် ပန္နက်ရိုက်
မင်္ဂလာအခမ်းအနားမှတ်တမ်း
အလှူရှင်မှာ 🌸🌸🌸
ဖခင်ကြီးဦးတင်အေး+မိခင်ကြီးဒေါ်ကျင်စိန်တို့အား အမှူးထား ရည်စူး၍
သမီး - ဒေါ်သက်သက်မာ
RUBY LAND HOTEL မိသားစု ကောင်းမှု