
(၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်း တရားစခန်းသိမ်း အောင်ပွဲမှတ်တမ်း
သာသနာတော်နှစ် ၂၅၆၈-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၆-ခုနှစ်တပို့တွဲလပြည့်ကျော် (၁၃)ရက်နေ့ခရစ်နှစ်- (၂၅.၂.၂၀၂၅) အင်္ဂါနေ့ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ကလွင်ရပ်ကွက်၊ ရှားတောဝကျေးရွာ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌
(15.2.2025) မှ (26.2.2025) အထိ ကျင်းပပြုလုပ်ခဲ့သော အခြေခံ အာနာပါန level -2 လေ့ကျင့်စစ်ဆေးပြီးသော ယောဂီများအတွက် (၁၀)ရက်အဓိဋ္ဌာန် အထူးတရားစခန်း တရားစခန်းသိမ်း အောင်ပွဲမှတ်တမ်း

မဟာပလ္လင်ကျင့်စဉ် (၅)နာရီ
သဒ္ဓါဗိုလ်ဖြင့် တဏှာဗိုလ်ကို အနိုင်ယူသည့်ကျင့်စဉ်၊ ကာယိကဒုက္ခဝေဒနာအပေါ် သည်းမခံချင်သည့် ဒေါသကို သည်းခံခြင်း (အဒေါသ)ဖြင့်၊ တွေဝေသည့်မောဟကို စောင့်ရှုခြင်း (အမောဟ)ဖြင့်၊ ဖောက်ပြန်သည့် ရုပ်၊ ခံစားမှု ဝေဒနာ ရုပ်နာမ်ခန္ဓာကို ငါ့ကိုယ် ငါ့ဟာဟု ညှစ်ချုပ် ကုပ်တွယ် သိမ်းပိုက်လိုသည့် လောဘ တဏှာကို စွန့်လွှတ်ခြင်း (အလောဘ)ဖြင့် အစားထိုး ပယ်သတ်သည့်ကျင့်စဉ် တဏှာဘုရင်ကို မဟာပလ္လင်နဲ့ဖော်ထုတ် သဒ္ဓါ၊ ဝီရိယ၊သတိ၊သမာဓိလက်ဖြင့် ပညာတည်းဟူသော ဓားနှင့်ကိုင်ခုတ် လူမသေ တဏှာသေသည့်အလုပ်ကို မသေမီ ကြိုးစားအားထုတ်
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)