cover
logo မန္တလေး ဌာနချုပ်

ဖူးမျှော် ကြည်ညို နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်

အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ကျေးဇူးတော်ရှင် အောင်လံဆရာတော်ဘုရားကြီးအား(27-3-2025 မှ 1-4-2025) အထိ နေ့စဉ် (ညနေ 4:00 နာရီ မှ 5:00 နာရီ) အတွင်း တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ(မန္တလေး)ဆရာတော်စံကျောင်း၌ ဖူးမျှော် ကြည်ညို နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ရိပ်သာသို့ ဆရာတော်ဘုရားကြီးဖူးတွေ့ရန်လာသော ဓမ္မမိတ်ဆွေများအနေဖြင့်ဘောင်းဘီတို၊ ရှည်၊ စကပ်၊ လည်ဟိုက်၊ ကိုယ်ကျပ်၊ လက်တိုပြတ်၊ ဘေးကွဲ၊ ရှေ့ကွဲ၊ နောက်ကွဲ စသည့် မလျှော်ညီသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်မလာကြပါရန်ကြိုတင် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။


222 ကြည့်ရှုသူ
Admin

မန္တလေး အချောသပ် တရားစခန်း (15.6.2025) မှ (26.6.2025 ) အထိ ကျင်းပပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ် ဆည်ရွာအုပ်စု၊ မင်းလှကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (15.6.2025) မှ (26.6.2025 ) အထိ ကျင်းပပြုလုပ်မည်ဖြစ်သော "မန္တလေး အချောသပ် တရားစခန်း"ကိုဗစ်မတိုင်မီ (13.2.2020) မှ(24.2.2020) အထိ ကျင်းပရန် ပြုလုပ်ထားခဲ့သော တရားစခန်းပွဲအတွက် တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာရိပ်သာ(မန္တလေး)၌ စာရင်းပေးထားပြီးသော ယောဂီအဟောင်းများအနေဖြင့် တရားစခန်း ဝင်ဖြစ် မဝင်ဖြစ်ကို 09450050128 ဆရာတော်ဥူးဣန္ဒာစရိယထံသို့ (27.3.2025) ကြာသပတေးနေ့ နံနက် (၈)နာရီမှ နံနက်(၁၀)နာရီနေ့လည် (၁)နာရီမှ ညနေ(၆)နာရီအထိ ဆက်သွယ်ပြီး confirm ပြုလုပ်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။


179 ကြည့်ရှုသူ
Admin

မန္တလေး အချောသပ် တရားစခန်းများ ဖွင့်မည်

(23.3.2025) မှ (3.4.2025) အထိ မန္တလေး (၁၀)ရက်တရားစခန်း Level 2 စစ်ဆေးအောင်မြင်ပြီးသော ယောဂီများအတွက် ရည်ရွယ်ပါသည်။ (ယောဂီဦးရေ (၂၅၀) စာရင်းရပြီး)

(15.6.2025) မှ (26.6,2025) အထိ မန္တလေး အချောသပ် တရားစခန်းကိုဗစ်မတိုင်မီ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ရိပ်သာများ၌(၁၀)ရက်တရားစခန်း (၁)ကြိမ်ဝင်ထားပြီးသော (အထက်မြန်မာပြည်) ယောဂီဟောင်းများအတွက် ရည်ရွယ်ပါသည်။
(၂၀၁၉ ဝါတွင်း၌ စာရင်းကောက်ထားပြီးသော ယောဂီများ ပြန်လည်ဆက်သွယ်ပေးကြပါရန်) ဆက်သွယ်ရမည့် နေ့ရက်နှင့် ဖုန်းနံပါတ်ကို တရားစခန်းနီးလျှင် ကြေငြာပေးပါမည်။


138 ကြည့်ရှုသူ
Admin