
ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။

🙏🌷🙏ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏လမ်းညွှန်မှူဖြင့် Malaysia တွင်ကျင်းပပြုလုပ်မည့် May 10~12 ယောဂီသစ် (၃) ရက်တာ #အချိန်ပြည့် အဓိဋ္ဌာန် တရားစခန်းအား ကိုယ်တော်တိုင် ကြွရောက်ကြီးမှူး ချီးမြှင့်ပေးပါသော ဆရာတော်ဘုရား နှင့် ဥပသကာများအား တပည့်တော်တို့ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ်မှ အထူးပင်ကျေးဇူးတင်ရှိပါသည် အရှင်ဘုရား 🙏🌷🙏
📆 07. May. 2025
✈️ Changi Airport
⏰ ညနေ ၅ နာရီ ဝန်းကျင်
#သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ
Malaysia Singapore ဌာနချုပ် (MSH)
သာသနာပြု အဖွဲ့

(10.5.2025) မှ (12.5.2025) အထိ ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တစန္ဒိမာ (အောင်လံ) ဆရာတော်ဘုရားကြီး ၏ လမ်းညွှန်မှုဖြင့် မဟာနာယက ဆရာတော်များ ဖြစ်ကြသော အရှင်ဓမ္မပါရဂူ (ကမ္မဋ္ဌာနာစရိယ) နှင့် အရှင်ဣန္ဒာစရိယ တို့မှ ဦးစီး၍ တိုက်ခွဲ အမှတ်(၃၂) သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ Malaysia Singapore ဌာနချုပ် (MSH) သာသနာပြု အဖွဲ့မှ စီစဥ်ကျင်းပမည့်
Level 1 A (30 min) ကျင့်ဆဲ ယောဂီသစ် များအတွက် အခြေခံ အာနာပါန ကျင့်စဥ် ယောဂီသစ် (၃) ရက်တာ အချိန်ပြည့် အဓိဋ္ဌာန် တရားစခန်းဖြစ်ပါသည်။
မဟာနာယက ဆရာတော် အရှင်ဣန္ဒာစရိယ မှ on site လေ့ကျင့်ရေးစခန်းသို့ ကြွရောက် ကြီးမှူးပေးမည် ဖြစ်ပါသည်။
📆 နေ့ရက် - 10 May to 12 May 2025
တရားစခန်း အဝင် - 9 May ည
တရားစခန်း အထွက် - 12 May ည
🏡 နေရာ - ၃ ရက်တာ အချိန်ပြည့် ညအိပ်တရား စခန်း (လူဦးရေပေါ်မူတည်၍ နေရာစီစဉ်ပြီး ထပ်မံကြေငြာပေးပါမည်) (#လူဦးရေကန့်သတ်ထားပါသည်) သို့ပါ၍ တရားကျင့်ကြံ အားထုတ် လိုသော ယောဂီသစ်များ အနေဖြင့် အောက်ပါ ဖုန်း နံပါတ်များသို့ ဆက်သွယ်၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။
🇸🇬 𝑺𝒊𝒏𝒈𝒂𝒑𝒐𝒓𝒆 ☎️+65 9736 4353 (WhatsApp)☎️+65 8341 9194
🇲🇾 𝑴𝒂𝒍𝒂𝒚𝒔𝒊𝒂 ☎️+60 12345 8301