
ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။

(၂)ရက်မြောက်နေ့ မဟာပလ္လင်ကျင့်စဉ် (၂)နာရီထိုင်နေကြသော ယောဂီများ 🙏😌 သဒ္ဓါဗိုလ်ဖြင့် တဏှာဗိုလ်ကို အနိုင်ယူသည့်ကျင့်စဉ်၊ ကာယိကဒုက္ခဝေဒနာအပေါ် သည်းမခံချင်သည့် ဒေါသကို သည်းခံခြင်း (အဒေါသ)ဖြင့်၊ တွေဝေသည့်မောဟကို စောင့်ရှုခြင်း (အမောဟ)ဖြင့်၊ ဖောက်ပြန်သည့် ရုပ်၊ ခံစားမှု ဝေဒနာရုပ်နာမ်ခန္ဓာကို ငါ့ကိုယ် ငါ့ဟာဟု ညှစ်ချုပ် ကုပ်တွယ် သိမ်းပိုက်လိုသည့် လောဘ တဏှာကို စွန့်လွှတ်ခြင်း (အလောဘ)ဖြင့် အစားထိုး ပယ်သတ်သည့်ကျင့်စဉ် တဏှာဘုရင်ကို မဟာပလ္လင်နဲ့ဖော်ထုတ် သဒ္ဓါ၊ ဝီရိယ၊သတိ၊သမာဓိလက်ဖြင့် ပညာတည်းဟူသော ဓားနှင့်ကိုင်ခုတ် လူမသေ တဏှာသေသည့်အလုပ်ကို မသေမီ ကြိုးစားအားထုတ်
🙏အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ🙏
🙏ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်)

သာသနာတော်နှစ် ၂၅၆၉-ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၇-ခုနှစ် ကဆုန်လပြည့်ကျော် (၉)ရက်၊ ခရစ်နှစ်- (၂၀.၅.၂၀၂၅) အင်္ဂါနေ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (20.5.2025) မှ(28.5.2025) အထိ ကျင်းပပြုလုပ်နေသော စနစ်သစ် မွမ်းမံ (၇)ရက်အဓိဋ္ဌာန် တရားစခန်း ဖွင့်ပွဲမှတ်တမ်း 🙏😌 တရားစခန်းဝင်ဦးရေ (၃၉၄)ဦး ရဟန်း (၆)ပါးအမျိုးသားယောဂီ (၈၆)ဦး သီလရှင် (၃)ပါး အမျိုးသမီးယောဂီ (၂၉၉)ဦး

တိုက်ခွဲ အမှတ် (၃၂) သဲအင်းဂူဝိပဿနာဓမ္မ ရိပ်သာ ( U.S.A ) ကျောင်းသစ် တည်ဆောက်ရန်အတွက် ခန့်မှန်းခြေ ဒေါ်လာ တစ်သန်းခွဲ ကျသင့်မည့် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ ဌာနချုပ် USA အသစ်ကို ဝယ်ယူတည်ဆောက်နိုင်ရန်အတွက် အလှုရှင်များ နည်းများမဆို လှုဒါန်းနိုင်ပါသည်။
USA
Contacts: Ko Kyaw Kyaw Lwin @ (559) 795 - 8975
Thuthu @ (202) 841 - 4107
Singapore
Contact:Thet Thet Nwe @ 82681271
Myanmar
Contact:Name- Htar Yu Mon K pay -09961309535
KBZ bank-00550102701860701
AYA bank-10003886951
MAB bank-0610161061003473030