ဆရာတော်ဘုရားကြီး၏ ရုပ်သံမှတ်တမ်းတို့သည် အချို့မီဒီယာများတွင် အရည်အသွေးနှိမ့်သော Format များနှင့် ဖြန့်ဝေထားသောကြောင့် ကြည်လင်ပြတ်သားမှု့မရှိဖြစ်နေခြင်း၊ တစုတစည်းတည်း ရှိမနေခြင်း၊ အချို့သူတို့လိုရာဖြတ်လျက်တင်ထားခြင်းများရှိနေသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် လက်ရှိသာသနာရေး အခြေအနေနှင့် သတင်းအချက်အလက်များသိရှိလိုသော ဓမ္မမိတ်ဆွေ၊ ယောဂီများအတွက် သိချင်လိုသော အကြောင်းများရှိပါက အလွယ်တကူသိစေနိုင်ရန်၊ နိုင်ငံတကာဆက်ဆံရေးနှင့် သာသနာပြု အခြေအနေများ ဆက်စပ်သိရှိနိုင်စေရန် စသောအချက်များကြောင့် ယခု တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူ Website အား ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့်တည်ထောင်ရခြင်း ဖြစ်သည်။


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာ၌ အလျား ၁၉၄ပေ၊ အနံ ၁၇၁ပေ၊ ရှိသော နှစ်ထပ်ဓမ္မာရုံကြီး ဆောက်လုပ်ရန်အတွက် အုတ်၊သဲ၊ကျောက်များ စုပုံထားရှိမှုနှင့် soil test ဆောင်ရွက်မှု မှတ်တမ်း


85

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (2.6.2025) မှ (8.6.2025) အထိ
ကျင်းပပြုလုပ်နေသော အာနာပါန အခြေခံ Level-1A လူသစ်တန်း (၅)ရက်အဓိဋ္ဌာန် တရားစခန်းဖွင့်ပွဲမှတ်တမ်း 

တရားစခန်းဝင်ဦးရေ (၂၆၁)ဦး
ရဟန်း (၈)ပါး
အမျိုးသားယောဂီ (၉၃)ဦး
သီလရှင် (၂)ပါး
အမျိုးသမီးယောဂီ (၁၅၈)ဦး


125

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်စံပြကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂)သဲအင်းဂူ ဝိပဿနာဓမ္မရိပ်သာ၌ (20.5.2025) မှ (28.5.2025) အထိ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် မွမ်းမံ (၇)ရက်အဓိဋ္ဌာန် တရားစခန်းသိမ်းအောင်ပွဲမှတ်တမ်း

တရားစခန်းဝင်ဦးရေ (၃၉၄)ဦး
ရဟန်း (၆)ပါး
အမျိုးသားယောဂီ (၈၆)
ဦးသီလရှင် (၃)ပါး
အမျိုးသမီးယောဂီ (၂၉၉)ဦး
မဟာပလ္လင် (၅)နာရီ (၄)ကြိမ်ချိတ်ဦးရေ (၁)ဦး
မဟာပလ္လင် (၅)နာရီ (၃)ကြိမ်ချိတ်ဦးရေ (၂၂၄)ဦး
မဟာပလ္လင် (၅)နာရီ (၂)ကြိမ်ချိတ်ဦးရေ (၁၅၂)ဦး
မဟာပလ္လင် (၅)နာရီ (၁)ကြိမ်ချိတ်ဦးရေ (၁၀)ဦး
အရိုးစု ကမ္မဋ္ဌာန်းမြင်ဦးရေ - (၃၄၂)ဦး
၃၂ ကောဋ္ဌာသမြင်ဦးရေ - (၄၁)ဦး
အသုဘကမ္မဋ္ဌာန်းမြင်ဦးရေ - (၅)ဦး
စုစုပေါင်း လက္ခဏာမြင်ဦးရေ (၃၈၈)ဦး


167